နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
သန်းကောင်ထက် နက်တဲ့ည


မင်းလိုတဲ့အခါ
ဘာမဆို ငါအဆင်သင့်ဖြစ်ခဲ့ဖူးတယ်.... ... ..
မင်းငိုတဲ့အခါ
စိတ်ဒဏ်ရာတွေ ဖြေလျှော့ဖို့

ပုခုံးလေးအဆင်သင့်

"ရော့! အင့်!"
လို့ ထိုးပေးခဲ့ဖူးတယ်... .. .
မင်းချစ်သူနဲ့ ရန်ဖြစ်တဲ့အခါ

မင်းစိတ်ပြေလက်ပျောက်ဖြစ်ဖို့

တစ်ညလုံးမအိပ်ဘဲ

ဖုန်းတွေထိုင်ပြောပေးခဲ့ဖူးတယ်.. ... ..
မင်းစိတ်ရူးပေါက်တိုင်း

စိတ်ကူးယဉ်ဇာတ်လမ်းတွေ

တစ်ပုဒ်ပြီးတစ်ပုဒ်ပြောတဲ့အခါ

မငြီးမငြူ နားတွေမပူစတမ်း

ထိုင်နားထောင်ပေးခဲ့ဖူးတယ်... ... ..


မင်းချစ်သူနဲ့ အဆင်ပြေသွားလို့

ငါ့ကိုမေ့လျှော့သွားတဲ့အချိန်မှာ

တိတ်တိတ်ကလေးနဲ့

ဆိတ်ငြိမ်စွာနေထိုင်ရင်း

ငါမုန်းတဲ့ နာရီသံတွေကို

ရေတွက်နေခဲ့ဖူးတယ်... ... ..


ငါ့ဘက်ကို တစ်ချက်မှ လှည့်မကြည့်သူရယ်လို့

တစ်ကြိမ်မှ မတွေးမိခဲ့သလို

ဖြည့်ဆည်းပေးနေရတဲ့
ဒီဝဋ်ဒုက္ခချိုချိုကိုမှ တပ်မက်နေမိတဲ့ ငါ

ဝေဒနာတွေ မိုးမလင်းနိုင်အောင်

သန်းခေါင်ထက် ညဉ့်နက်ခဲ့တာ
ကြာပြီပဲလေ.. ... ..



ပန်းနုနှင်းဆီ (ဘလော့စရေးတဲ့ည)

1 comments:

အင်ကြင်းသန့် said...

ဘာပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ်...

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..