နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
အလင်းတစ်စ


မာယာများတဲ့
ဒီလောကကြီးထဲမှာ
အပြီးသတ်ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ဘဲ
မပြတ်မသားနဲ့
ဘ၀ကို အလျားလိုက်
ငါ ကူးခတ်နေခဲ့တယ်..
ကျရှုံးမှုတွေ အတုံးအရုံးနဲ့ပေါ့.. ... ...

မလှတဲ့နေ့ရက်တွေကြောင့်
အိပ်ရေးပျက်ရတာ
ငါမောလှပြီ ... ...
ချုပ်ညဆည်းဆာရဲ့
မတောက်ပတဲ့ အလင်းအောက်မှာ
စမ်းတ၀ါးဝါး လမ်းလျှောက်ရင်း
ငါလမ်းပျောက်သွားတဲ့အခါ
ကြယ်စင်တစ်ပွင့်ရဲ့ အလင်းတစ်စသော်မျှ
ငါမရရှိခဲ့ဖူးဘူး.. ... ...

မျှော်လင့်ခြင်းကင်းတဲ့လမ်းမပေါ်မှာ
ဒဏ်ရာဝတ်စုံတွေဝတ်ဆင်ပြီး
ငြီးတွားလေးလံစွာနဲ့
ဘ၀ဆိုတဲ့အရာကို
ခါးသီးနာကျင်တတ်ခဲ့တယ်.. ... ...
တပ်မက်စွာ
မက်နေတဲ့အိပ်မက်ဟာ
အဆုံးသတ်မှာတော့
လှပစွာပြီးဆုံးမယ်လို့
ငါမမျှော်လင့်တတ်ခဲ့တာ အမှန်ပါ.. ... ...

ပြန့်ကျဲနေတဲ့ ဝေဒနာတွေနဲ့
ငါ့ရင်မှာ မီးလိုပူတဲ့အခါ
ငြိမ်းသတ်နိုင်မယ့် ဖြေဆေးတစ်ခွက်တော့
မရနိုင်မှန်းသိရက်နဲ့
ဘာပဲဖြစ်ဖြစ် ငါလိုချင်ခဲ့မိတယ်.. ... ...

ငါ့ရဲ့ မှောင်မိုက်နေတဲ့ ညကလေးရေ...
ပျော်သလိုသာနေခဲ့ပါကွယ်
ကျေနပ်ခြင်းဆိုတဲ့ အလင်းတစ်စ
ဒီလမ်းမကြီးထက်မှာ
မင်းအတွက် ငါချန်ထားရစ်ခဲ့တယ်.. .. ..
တစ်စွန်းတစ်စလေးဖြစ်ဖြစ်
မင်းအတွက် လင်းလက်ခွင့်ရလိုက်ရင်ပဲ
တစ်သက်စာ
ငါကျေနပ်နေမယ့်သူပါ... .... ...

ငါအတွက်တော့
အဝေးက အိပ်မက်တွေ မခြောက်ခမ်းခင်
နေမ၀င်မီ ငါအိမ်ပြန်မှ ဖြစ်မယ်…



ပန်းနုနှင်းဆီ (၂၀၁၀ မေလကုန်မယ့်ည)

1 comments:

အင်ကြင်းသန့် said...

~~~ငါအတွက်တော့
အဝေးက အိပ်မက်တွေ မခြောက်ခမ်းခင်
နေမ၀င်မီ ငါအိမ်ပြန်မှ ဖြစ်မယ်…~~~

ဟုတ်တယ်....နေမ၀င်မီ အိမ်ပြန်နိုင်ဖို့အတွက် ဘ၀တွေ ကြိုးစားရုန်းကန်နေရတုန်းပဲ....

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..